Tuesday, September 27, 2011

ကိုယ့်ပုံကိုယ်ရေး စိတ်အေးချမ်းသာ

         မိတ်ဆွေတို့...သင့်ထက်အဆပေါင်းမျုားစွာ သာလွန်ပြီးပြည့်စုံနေသူများ အောင်မြင်နေသူများ ကမ္ဘာကျော် နိုင်ငံကျော် နေသူများစသဖြင့်သင့်ရှေု့တွင်တန်းစီလျှက်ရှိနေလေ၏။ရုတ်တရက်ကြည့်လျှင်သင်ဝင်တိုးရန်အပေါက်ဟူ၍တွေ့ရမည်မဟုတ်ပေ။
သင့်အတွက်နေရာလပ်ဟူ၍ရှိမည်မဟုတ်ပေ။ဤသို့ဆိုသဖြင့်သင့်အနေဖြင့်စိတ်ပျက်အားလျော့နောက်ဆုတ်သွားရန်မဟုတ်ပါ။
အကယ်၍သင်သည်သစ်သားတုံးကိုယူ၍လေးလက်မသံတစ်ချောင်းစိုက်သွင်းရန်နေရာဟူ၍တွေ့ရမည်မဟုတ်ပေ။သို့သော်သင်သည်
၎င်းသစ်သားတုံး၌လေးလက်မသံစိုက်သွင်းရန်တူဖြင့်တအားရိုက်ချလိုက်မည်ဆိုလျှင်၎င်းသစ်သားတုံးသည်လေးလက်မသံတစ်ချောင်း
စာနေ၇ာကိုမလွဲမသွေ ဖယ်ပေးရတော့မည်ဖြစ်သည်။ "ပျော့ညံ့သူသည် မာကျောသူကိုနေရာဖယ်ပေး"ရစမြဲဖြစ်သည်။ထို့အတူ သင်သည်လည်း သင်၏ ဘဝခရီးကို ဖြတ်သန်းရာ၌ မလျှော့သောဇွဲ လုံ့လ ဝီရိယ အရှိန်အဟုန် ဖြင့် အားထုတ်ကြိုးပမ်းမည်ဆိုလျှင် သင့်အတွက် မည်သိုပင် နေရာလပ် မရှိစေကာမူ မုချမလွဲမသွေ နေရာလပ်တစ်ခု ရရှိရမည် သာ ဖြစ်လေ၏။ သင်၏ရှေ့မှသူများသည် မည်သို့ပင် အောင်မြင်ကျော်ဇော စေကာမူ ကြီးပွားချမ်းသာစေကာမူ သင့်အား နေရာ ဖယ်ပေး၇မည်သာ  ဖြစ်ပေတော့သည်။ ဤဥပမာ သည် ကျွန်ုပ်၏ ဥပမာမဟုတ်ပါ။ဆရာကြီးပီမိုးနင်း၏ ကိုယ့်ထူးကိုယ်ချွန် စာအုပ်မှ အကြောင်းအရာကိုပြောပြလိုက်ခြင်း သာဖြစ်ပါ၏။ သင့်အနေနှင့် ၄င်းစာအုပ်ကို ဖတ်ဖူးလျှင်လည်းသတိရအားတက်စေလိုသော သဘောနှင့် ပြောပြရခြင်းဖြစ်ပါ၏။ မဖတ်ဖူးသေးဘူးဆိုလျှင်လည်း စကားလက်ဆောင်အဖြစ်ပြောပြလိုက်ခြင်းဖြစ်သည်။

              "ကိုယ့်ပုံကိုယ်ရေး စိတ်အေးချမ်းသာ" ဟူသည် အဘ မင်းသိင်္ခ ပြောသွားဖူးသည့် စကားတစ်ခု ဖြစ်လေရာ ယခုအခါ ကျွန်ုပ်လည်း ကိုယ့်အကြောင်းကိုယ် အနည်းနှင့်အများ ဤနေရာ၌ ပြောရပေမည်။ အများပြောကြသည့် ခေတ်မှီတိုးတက်နေသော ခေတ်ကာလ၌ အင်တာနက် ဆိုသည်ကို ဘယ်သို့ ဘယ်အရာ ဘယ်လိုသုံးရမည်ကိုပင် သိနားခြင်းမရှိခဲ့ပေ။ယခုအခါ ဆယ်လေး ဆယ့်ငါး နှစ် အရွယ်လေးများပင် ကောင်းစွာသုံးတတ်နေကြပြီဖြစ်သည်။ထိုသို့ ခလေးများ ပင် အလွယ်တကူသိနေ သုံးနေသော အင်တာနက် ဆိုသည်ကို ကျွန်ုပ်နှင့် အမှတ်မထင် တရင်းတနှီးရှိခဲ့သော မိတ်ဆွေတစ်ဦး နှင့်ရောက်တတ်ရာရာ ပြောရင်းမှ အင်တာနက်အကြောင်းတစေ့တစောင်းသိရှိရာမှအခုဆိုလျှင်"ရဲမင်းအောင်"ဆိုသောဗေဒင်ဆရာတစ်ယောက်အင်တာနက်စာမျက်
နှာပေါ်သို့မထူးမဆန်းရောက်ရှိလာရခြင်းအကြောင်းကို"ကိုယ့်ပုံကိုယ်ရေးစိတ်အေးချမ်းသာ"ဆိုသကဲ့သို့ကိုယ့်အကြောင်းကိုယ်ပြော
လိုက်ရလေတော့သတည်း။

No comments:

Post a Comment