လူတို့သည် အလုပ်လုပ်ကြရမည်။ထိုသို့အလုပ်လုပ်ကြရာဝယ် မိမိနှင့်အကျိုးပေးသောအလုပ် ဟုတ်၏၊မဟုတ်၏ကိုရွေးတတ်ကြမှသာအကျိုးစီးပွားဖြစ်ထွန်းပေမည်။ဥပမာအားဖြင့်လူနှစ်ဦးအောင်မြင်ကျော်
ကြားသောအဆိုတော်ဖြစ်ရန်ကြိုးစားကြ၏။တစ်ဦးမှာငွေအား၊လူအားဖြင့်အားသွန်ခွန်စိုက်ကြိုးပမ်း၏၊ကျန်တစ်
ဦးမှာမူဖြေးဖြေးမှန်မှန်သာကြိုးစား၏။အချိန်တန်သောအခါဖြေးဖြေးမှန်မှန်သာကြိုးစားသူသာအောင်မြင်သော
အဆိုတော်ဖြစ်လာ၏။ကျန်တစ်ဦးမှာမူ ခဲလေသမျှသဲရေကျဆိုသလို အရာမထင်ဖြစ်ကာ ဆုံးရှုံးမှုများဖြင့် အဆုံးသတ်သွား၏။အဘယ့်ကြောင့်နည်း။ထိုဖြစ်ရပ်တို့သည်ကားအကျိုးပေးမှုနှင့်များစွာဆက်နွယ်ပတ်သက်
နေလေ၏။လူတို့သည် တိရစ္ဆာန်တို့၏အလုပ်ကိုလုပ်မရသကဲ့သို့ နတ်ဒေဝါတို့၏အလုပ်ကိုလဲ မလုပ်နိုင်ပေ။
သူ့အလုပ်နှင့်သူ၊သု့နည်းနှင့်သူသာဖြစ်ပေ၏။ထို့ကြောင့်ကိုယ်နှင့်အကျိုးမပေးသောအလုပ်ကိုလုပ်လျှင်ကား
ဘဝ၌အောင်မြင်ကြီးပွားရန်ခဲယဉ်းပေလိမ့်မည်။
အကယ်၍တစ်စုံတစ်ယောက်သောသူသည် မည်သည့်အလုပ်နှင့် ပါရမီဓါတ်ခံပါသည် အကျိုးပေးသည်ကိုသိလိုလျှင်ကားကျွန်ုပ်၏ဆရာသခင် အဘမင်းသိင်္ခ၏ နည်းနာအတိုင်း စေတနာရှေ့ထား၍
ရွေးချယ်ပေးမည်ဖြစ်ရာ၊ မိတ်ဆွေတို့၏ နံမည် ၊ လက်ရှိအလုပ်အကိုင် ၊ မွေးသက္ကရာဇ် ၊မွေးလ ၊မွေးရက်၊ မွေးနေ့တို့ပြည့်စုံစွာဖြင့်ကျွန်ုပ်ထံဆက်သွယ်ပါ။အခကြေးငွေတစ်စုံတစ်ရာမယူပဲမေတ္တာဖြင့်ကူညီဆောင်၇ွက်
ပေးချင်ပါသည်။ sayar.yeminaung@gmail.com သို့ဆက်သွယ်လိုက်ကြပါ။
သင်တို့၏စေတနာသည်သင်တို့ကိုအကျိုးပေးမည်ဖြစ်သကဲ့သို့ကျွန်ုပ်၏စေတနာသည်ကားကျွန်ုပ်ပေါ်
အကျိုးပေးပါစေသာဝ်း။
No comments:
Post a Comment